Showing posts with label photoshop. Show all posts
Showing posts with label photoshop. Show all posts

Sunday, July 12, 2015

Adobe Illustrator CS6 Portable



ကျွန်တော်တို့ နောက်ထပ် Portable တစ်ခုထပ်တင်ပေးအုံးမယ် …. Adobe Illustrator CS6 လေးပါ … ဖိုင်ဆိုက်က 180 MB လောက်ပဲရှိတယ် …

Saturday, May 16, 2015

Adobe Photoshop Lightroom 5.7

adobe-photoshop-lightroom

 Adobe Photoshop Lightroom 5.4 Final (32 bit)ကို
ထပ်မံပြီးတင်ပေးလိုက်ပါတယ်။Adobe Photoshop Lightroom ကိုသုံးဆွဲသူတွေအတွက်နောက်ဆုံး Final လေးကို Full ဖြစ်စေဖို့အတွက်
ဒေါင်းလော့စ်ဖိုင်ထဲမှာ Serial ကီးလေးနဲ့အတူဘယ်လိုထည့်ရလည်းဆိုတာကိုပုံတွေနဲ့ပြထားပါတယ်။
နောက်ထပ်ပါဝင်လာတဲ့ FEATURES တွေကအများကြီးတွေပါ။ black-and-white images တွေအပြင်
images, video clips, and music တွေကို HD videos အဖြစ်ရေးဆွဲနိုင်သည့်အပြင် video slide shows
တွေကအစဖန်တီးနိုင်ပါတယ်။အသေးစိတ်ကိုတော့အောက်မှာဖတ်ပါ။


Adobe Photoshop Lightroom v5.7 final release is powerful and comprehensive photography application designed by Adobe.Inc to helps photographers, artists and other users to easily edit images, improve photos and adjust photos and make them look perfect. This well-known image editing application offers robust tools for photography industry improvements to optimize images for artistic purposes, improve images for your website and get eye-catching web-designs, etc.
Adobe Photoshop Lightroom 5.7 Features
– Photoshop Lightroom 5.7 is rich with photo editing tools for adjusting all types of images including (.PNG, .JPB, .BMP, .GIF, .TIFF, etc) and turn your pictures taken by digital camera into amazing shots!
– The program offers professional tools such as the brilliant brushes to remove dust spots, splotches and other distractions. The brushes are customizable, you can edit brushes by resizing and moving them to new paths.
– Create HD images and eye-catching photos or adjust your digital camera images by using great adjustment tools such as resize, crop, radial gradient, color generator and so many more tools. You can improve your photos by adding special image effects, adjust image brightness and contrast, sharpen and soften, noise reduction, hue and saturation, etc.
– In addition to editing and improving pictures, the program lets you create HD slideshows by combining images, video clips and music and share them with your friends.
– Essentially, Adobe Photoshop Lightroom free is the ultimate photography program every user should have in their computers to turn images into perfect shots. If you are a website owner or web-designer, the program lets you create stunning web-design images for both email and website.
– Adobe Photoshop Lightroom 5.7 free download is compatible with Windows 7 (32-64 bit), Windows 8/8.1 (32-64 bit), Windows Vista (32-64 bit), Windows XP (32-64 bit).
How to Install Adobe Photoshop Lightroom 5.7
Step 1- Install the program – Double click on “Lightroom_5_LS11_win_5_7.exe” installer for 32-64bit.
OPTION ONE: Add the following line in your hosts file located in C:\Windows\system32\drivers\etc\hosts:127.0.0.1 activate.adobe.com OR OPTION TWO: Close internet before using the keygen and block Lightroom by firewall.
Step 2- Open the keygen, choose Photoshop Lightroom 5x from the list and copy name and serial. Cick on “Patch hosts files”.
Step 3- Enjoy Adobe Photoshop Lightroom 5 Full Version.
Download Direct Link:
Adobe Photoshop Lightroom 5.7 Keygen Patch [204 KB] || Download
Adobe Photoshop Lightroom 5.7 (x64x86) Trial Setup [953 MB] || Download

   ချစ်သူမောင်(နည်းပညာ)
ပို့အသစ်တင်တိုင်း facebook ကနေဖတ်ချင်သူများအတွက်
ဒီမှာ LIKE လုပ်လိုက်ပါ---------

DriverPack Solution 15.4 full

ဝင်းဒိုးတင်လိုက်တိုင်း Drivers တွေမပြည့်စုံလို့ အခက်အခဲ ဖြစ်နေသူများအတွက် လိုအပ်နေတဲ့
Drivers တွေကို တခုချင်းစီ ခက်ရာခက်ဆစ် လိုက်ရှာစရာမလိုဘဲ ဆော့ဝဲလ် တခုထဲနဲ့ All Windows
အတွက် All Drivers တွေကို Offline ဖြင့် အင်စတော လုပ်ယူနိုင်တဲ့ 10/04/2015 နေ့ထွက် DriverPack Solution 15.4 ကို တင်ပေးလိုက်ပါတယ်။

DriverPack Solution 14 – is the most popular program to automatically install, update and search for drivers in Offline mode or Online. This is a versatile manager to install drivers for all versions of Windows. Unlike the built-in Windows driver updates, this program can be used even without the Internet, and search / install drivers for devices not only popular Wender (as is the case with Windows Update).
Features
  • Automatic driver installation.
  • Install all the drivers on virtually any computer for only about 5 minutes.
  • Saving of time.
  • After downloading the driver once no longer need to spend time searching for drivers.
  • Any driver for any computer.
  • All drivers on a single DVD-ROM!
  • Simplify downloading new drivers from the Internet.
  • Ability to update drivers.
  • Upgrade existing driver to more recent versions.
  • Supports all modern operating systems! As a 32-and 64-bit versions!
  • Ease of use.
  • Simple and intuitive interface.
Screenshots
Driverpack-Solution
Downloads
 DriverPack Solution 15.4 Full (9.5 GB) | Mirrors
Older version
 DriverPack Solution 14.16 Final (9.6 Gb) | Mirrors
ချစ်သူမောင်(နည်းပညာ)
ပို့အသစ်တင်တိုင်း facebook ကနေဖတ်ချင်သူများအတွက်
ဒီမှာ LIKE လုပ်လိုက်ပါ

Saturday, November 1, 2014

အထဲမှာမနေချင်တဲ့သူ

တစ်ခါတစ်ရံ မွန်းကြပ်ပိတ်လှောင်သော ဘသထဲမှ ထွက်သွားလိုသည့် စိတ်ကူများရှိလာသည် ဆိုပါစို့။ ဒီ tutorial ကသင့်စိတ်ကူကို အကောင်အထည်ပြု အသက်သွင်းပေးပါလိမ့်မည်။

၁) သို့အတွက် လိုအပ်သောဓာတ်ပုံကိုဖွင့်ပါ။



၂) Layer အသစ်တစ်ခုခေါ်ပါ။ (Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ကိုနှိပ်ပါ။
ပထမဦးစွာသင်လိုအပ်သော Foreground color ကို set လုပ်ပါ။ ထို့နောက် Rectangular Marquee တစ်ခ်ုဆွဲပါမည်။ သင်လိုအပ်သော အနေအထားကိုရလျှင် (Alt+Delete) ဖြင့် Fill လုပ်ပါ။



၃) Layer Palette မှနေ၍ Layer Opacity ကိုလျှော့ပါ။ အောက်မှ Background Layer ကိုမြင်ရမည်ဖြစ်သည်။



၎) နောက်ထပ် Layer အသစ်တစ်ခုခေါ်ပါ။ (Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ကိုနှိပ်ပါ၊ ပြီးလျှင် (Edit>Stroke) ကိုဝင်ပါ။ Stroke Width =5 , Location = inside ဖြင့် Stroke တစ်ခုဆွဲပါမည်။



ပြီးလျှင် (Select>Deselect) သို့မဟုတ် (Ctrl+D) ကိုနှိပ်ပါ။ ပုံအတိုင်းတွေရမည်။



၅) ထို Layer ကို Style တစ်ခုထည့်ပါမည်။ Style Palette ကို F6 နှိပ်ပြီးအလွယ်တကူဖွင့်နိုင်ပိတ်နိုင်ပါသည်။ ထို Style များထဲမှ သင့်တော်သော Style တစ်ခုကိုရွေးပါ။



ထို Style ထည့်ထားသော Layer နှင့် သူ့အောက်မှ Layer ကို Link လုပ်ပါ။



၆) ပြီးလျှင် (Edit>Transform>Perspective) ဖြင့် သဘာဝကျကျ အဝေးအနီးသဘောမျိုးကိုဖန်တီးပါ။ ပြီးလျှင် မိမိထည့်သွင့်လိုသော အနေအထားရောက်အောင် ရွေ့ပါ။ ပုံအတိုင်းအဆင့်ဆင့်တွေ့ရမည်။





၇) အပေါ်ဆုံးမှ Style ထည့်ထားသော Layer ကို မျက်လုံးလေးအားမှိတ်ပြီးခဏဖျောက်ထားပါမည်။ ပြီးလျှင်အောက်ဆုံးမှ Background Layer ကို Select လုပ်ပါ။ ပုံအတိုင်းတွေရမည်။



၈) Lasso tool ဖြင့် မိမိအပြင်ထွက်စေလိုသော လူရဲ့ Body Outline ကိုရွေးပါ။ ရွေးပြီးသား selection အပေါ် ထပ်တိုးလိုပါက Lasso Tool ကို Shift ဖြင့် တွဲသုံးရမည်ဖြစ်ပြီး လျှော့လိုပါက Alt key ဖြင့်တွဲသုံးပါ။ ပြီးလျှင်ပုံအတိုင်းတွေ့ရမည်။



၉) Ctrl+J ကိုနှိပ်ပါ။ Background Layer အပေါ်တွင် Duplicate လုပ်ထားသော Layer တစ်ခုပေါ်လာသည်ကိုတွေရမည်။ ထို Layer ကိုအပေါ်ဆုံးရှိ မျက်လုံးမိတ်ထားသော Layer အထက်သို့ရောက်အောင် Drag ဆွဲတင်ပါ။ ပုံအတိုင်းတွေ့ရပါမည်။



၁၀) Ctrl ကိုဖိပြီး Background Layer အပေါ်ရှိ Opacity လျှော့ထားသော Layer ကို Click လုပ်ပါ။ Object Outline အတိုင်း Marfquee Selection တစ်ခုပေါ်လာမည်။ ပြီးလျှင် (Select>Inverse) သို့မဟုတ် (Shift+Ctrl+I) ကိုနှိပ်ပါ။ ပုံအတိုင်းတွေရမည်။



၁၁) ထို့နောက် အောက်ဆုံးမှ Background Layer ကို select လုပ်ပါ။ တဆက်တည်း မိမိ Fill လုပ်လိုသော foreground color ကို ရွေးပါ။



ထို Selection ကို (Alt+Delete)နှိပ်၍ဆေးခြယ်ပါ။ ပြီးလျှင် (Select>Deselect) သို့မဟုတ် (Ctrl+D) ကိုနှိပ်ပါ။ ပုံအတိုင်းတွေရမည်ဖြစ်သည်။



၁၂) Opacity လျှော့ထားသော Layer ကို Delete လုပ်ပစ်ပြီး Style ထည့်ထားသော Layer ကိုပြန်ဖွင့်လိုက်လျှင် ပုံအတိုင်းတွေရမည်ဖြစ်သည်။



၁၃) အချောသတ်အနေဖြင့် Stamp Tool ကိုအသုံးပြုပြီး လိုအပ်သော ရေစက်ရေမှုန် ရေလှိုင်းတွေကို ကူယူပြီး လိုအပ်တာတွေ ဖြည့်လိုက်လျှင်တော့ ပုံအတိုင်းသေသပလှပသဘာဝကျတဲ့ အနေအထားကိုရရှိမှာပါ။



အောက်မှာဒီ tutorial က Idea အတိုင်းဖန်တီးထားတဲ့ ပုံတွေကိုနမူနာလေ့လာရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဒါအပြင် ကောင်းမွန်ဆန်းပြားတဲ့ အနုပညာဆိုတာ ဖန်တီးသူရဲ့စိတ်ကူနဲ့ စိတ်ရှည်မှုအပေါ်မှာ အခြေခံတယ်ဆိုတဲ့အချက်ကိုလည်းမေ့မထားနဲ့ဦး။







Saturday, October 11, 2014

Text Portrait

Text portrait ဆိုတာက photo တစ်ခုကို text တွေနဲ့ပုံစံဖော်တဲ့ဟာမျိုးပါ၊ photoshop နဲ့အလွယ်တကူဖန်တီးလို့ရပါတယ်။ နည်းလမ်းအမျိုးမျိုး ရှိတဲ့ထဲမှာ ဒီနည်းဟာ အလွယ်ဆုံးတစ်ခုပါ။ ပထမဆုံးမိမိလိုချင်တဲ့ အရွယ်အစားနဲ့ New document ကို create လုပ်ပါ အခုသင်ခန်းစာမှာတော့ 600 x 600 px နဲ့ createလုပ်လိုက်ပါမယ်။ အဲဒီနောက်မှာတော့ tool box ထဲက Horizontal type tool ကိုသုံးပြီး စာသားတွေကို နေရာအနှံ့ထားလိုက်ပါမယ်။ ပုံမှာကြည့်ပါ



နောက်တစ်ဆင့် အနေနဲ့တော့ မိမိအသုံးပြုမယ့်ပုံကို စာသား layer ရဲ့အပေါ်မှာတင်လိုက်ပါမယ် layer 6 ဆိုပြီး ပုံမှာတွေ့ရပါမယ်။



Layer 6 ကို Image>Adjustments>Desaturate command သုံးပြီး အဖြူအမဲပုံစံ ပြောင်းလိုက်ပါမယ်၊



Layer 6 မှာ active ဖြစ်နေချိန်မှာပဲ Text layer (layer thumbnail) ပေါ်မှာ Ctrl + Click လုပ်လိုက်ရင် text layer ရဲ့ selection တွေရလာမှာပါ၊ အဲဒီ ရလာတဲ့ Selection တွေကို Select>Inverse ကိုသုံးပြီး ပြောင်းပြန်လုပ်လိုက်ပါမယ်။



ပြီးရင် Delete key နှိပ်လိုက်ပါမယ်၊ ဒါဆိုပုံရဲ့ အဲဒီနားက pixel တွေပျက်သွားမှာပါ၊ နောက် Select>Deleselect လုပ်ရင် ပုံကို ဒီလိုမြင်ရမှာပါ



နောက်ဆုံးအဆင့် အနေနဲ့ကတော့ Text layer ရဲ့ opacity ကို 45 သို့ လျှော့ချလိုက်ပါမယ်



ဒါဆိုရင် သေသပ်လှပသော Text Portrait တစ်ခုကိုရရှိပြီဖြစ်ပါသည်၊ အကယ်၍ပုံဟာ မထင်ရှားဖြစ်နေတယ်ဆိုရင် ပုံရဲ့ level ကစားပေးခြင်း brigntness/contract ကစားပေးခြင်းဖြင့် စိတ်ကြိုက်အနေအထားရသည်အထိ ချိန်ညှိပေးနိုင်ပါတယ်။



အခုဆိုရင် Text portrait တစ်ခုကို သင်ကိုယ်တိုင် လွယ်လင့်တကူဖန်တီး နိုင်ပါပြီ။ အောက်မှာ sample ပြထားတဲ့ ပုံလေးတွေကိုလည်းလေ့လာကြည့်ပါဦး။



မျက်ဝန်းမှတဆင့်

အလုပ်တွေရှုပ်နေတာကြောင့် ကျူတိုရီရယ်မရေးဖြစ်တာ နဲနဲကြာသွားပါတယ်၊ တစ်နေ့ guest book ဖွင့်ကြည့်မိတော့ ကိုသောင်းရဲ့ မျက်လုံးတစ်ဖက်မှိတ်ပြတဲ့ပုံကို animation လုပ်ချင်ပါတယ်ဆိုတာကိုသွားတွေ့လို့ အခုလိုရေးပေးလိုက်ပါတယ်။ အရင်ဆုံးတော့ မိမိလိုချင်တဲ့ ပုံကိုဖွင့်လိုက်ပါမယ်



ပြီးတော့ Ctrl + J ကိုနှိပ်ပြီးတော့ layer ကို Duplicate လုပ်ပါမယ်၊ ဒါဆို layer palette မှာ layer နှစ်ခုကိုဒီလိုမြင်ရပါမယ်။





အပေါ်က layer 1 active ဖြစ်နေချိန်မှာ Filter>Liquify menu ကိုရွေးလိုက်ပါမယ်၊ အဓိကလုပ်ရမှာက မျက်လုံးတစ်ဖက်ကိုမှိတ်လိုက်တဲ့ပုံဖြစ်အောင် လုပ်ရမှာဖြစ်တဲ့အတွက် အပေါ်မျက်ခုံးက pixel တွေကိုအောက်ကို ကျသွားအောင်လုပ်ပြီး အောက်မျက်လုံး area က pixel တွေကို အပေါ်ကိုပြန်တင်မှာပါ၊ အဲဒီတော့ liquefy dialog က wrap tool ကိုသုံးမှာပါ။ အရင်ဆုံး မျက်လုံးပတ်ဝန်းကျင်က မလိုအပ်တဲ့ area တွေကို freeze လုပ်ထားပါမယ်။ Freeze mask tool ကို select လုပ်ပြီး မျက်လုံးနားတ၀ိုက်ကိုခြယ်လိုက်ပါ။



ဒါဆိုမျက်လုံးနေရာလေးကိုပဲ ပြင်ချင်သလိုပြင်လို့ရပါပြီ ကျန်တဲ့နေရာတွေ မထိခိုက်တော့ပါဘူး။ အခုဆက်ပြီးတော့ wrap tool ကိုသုံးပါမယ်။



အဲဒီ wrap tool လေးနဲ့ မျက်လုံးရဲ့အပေါ်ဘက်နေရာကို click and drag လုပ်ပြီး အောက်ဘက်ကိုဆွဲပါ။ မျက်လုံးကအ၀ိုင်းပုံစံလေးတော့ မပျက်အောင်ဂရုစိုက်ပေးပါ။ ပြီးရင်တော့ အောက်ဘက် area တွေကိုလဲ အပေါ်ကိုတင်ပေးပြီး မျက်လုံးမှိတ်သွားတဲ့ပုံစံ ရအောင်ဖန်တီးလိုက်ပါတယ်။



ကဲပြီးသွားရင်တော့ liquefy dialog ကနေ Ok နှိပ်လိုက်ပါ၊ Layer 1 ဟာ မျက်လုံးမှတ်ထားသလိုဖြစ်သွားပါပြီ။



ကျန်တဲ့အပိုင်းကတော့ Animate လုပ်ဖို့ပဲကျန်ပါတော့တယ်၊ photoshop မှာ CS3 ကနေစပြီးနောက်ပိုင်း version တွေမှာ Image Ready မပါတော့ပါဘူး။ ဒါကြောင့် CS3 နှင့်အထက်အသုံးပြုသူတွေက Window>Animation menu ကိုရွေးလိုက်ပါမယ်။ (အရင် version အဟောင်းအသုံးပြူသူတွေကတော့ Animation tutorial တွေမှာ Image Ready နှင့်တွဲအသုံးပြုပုံကိုပြန်ကြည့်ပါ)



တခါအဲဒီ Animation palette ရဲ့ ညာဘက်အပေါ်က triangle လေးကိုနှိပ်ပြီး ပေါ်လာတဲ့ fly out menu ကနေ Make Frame From Layers ကိုရွေးလိုက်ပါမယ်။ ဒါဆို Animation palette မှာ Frame နှစ်ခုဖြစ်သွားပါပြီ။ အဲဒီ frame တွေကမှ Frame1 ရဲ့ Delay time ကို 2 sec ပေးပြီး Frame2 ကိုတော့ 0.2 sec ပေးလိုက်ပါမယ်၊ မျက်လုံးဖွင့်ထားတဲ့ အချိန်ကိုကြာစေချင်ပြီး ပိတ်လိုက်တဲ့ ချိန်ကိုမြန်စေချင်လို့ပါ။ ပုံမှကြည့်ပါ။



ကဲအခုဆိုရင် အားလုံး Ready ပါပဲ၊ File>Save For Web & Devices ကိုရွေးလိုက်ပါ၊ File type ကို GIF မှာထားပြီး Save button ကိုနှိပ်လိုက်ပါ Save Optimized As box မှာ File Name ပေးပြီး Save button နှိပ်လိုက်ရင်လိုချင်တဲ့ ပုံရပါပြီ။



ကဲအခုဆိုရင်တော့ ကောင်မလေးကမျက်လုံးတဖက်မှိတ်ပြနေပါပြီ ကိုသောင်းရေ။ ဘာဆက်လုပ်ရမလဲကတော့ ကိုယ်တိုင်သာဆုံးဖြတ်ပါတော့။

Saturday, October 4, 2014

ဆံကေသာရောင်ဆန်းများ

အခုခေတ်မှာ ဆံပင်ဟာအနက်ရောင်ပါလို့ ပြောရင်ရာနှုန်းပြည့်မမှန်တော့ပါဘူး။ တချို့ကအနီ တချို့ကအနက် တချို့ကတော့ …….။ သင်လည်းသင့်ရဲ့ဆံပင်ကို အရောင် ပြောင်းကြည့်ဖို့များ စိတ်ကူးမိသလား၊ ဆံပင်ကိုဆေးမဆိုးခင် ဘယ်အရောင်ဟာ သင်နဲ့လိုက်ဖက်ညီမလဲလို့ အရင်သိဖို့လိုမယ်နော်။

ကဲလက်တွေ့စမ်းကြည့်ဖို့ အခုပဲကျွန်တော့်အချစ်ဆုံးရဲ့ ပုံလေးတစ်ပုံကိုဖွင့်လိုက်ပါတယ်။ (သူမသိစေနဲ့နော်)



အဲဒီပုံလေးကဆံပင် နေရာတွေကို Polygon lasso tool သုံးပြီး အခုလိုမျိုး selection တစ်ခုပြုလုပ်လိုက်ပါတယ်။



တစ်ခုသတိထားစေချင်တာက selection ကို ဆံပင်ရဲ့ အလင်းရောင်ရှိတဲ့နေရာတွေ (reflection) ကိုပဲ ရွေးထားပါတယ်။ ညာဘက်လည်ပင်း နားကဆံပင်တွေကိုမရွေးထားပါဘူး။ ဘာကြောင့်လဲဆိုတော့ အလင်းရောင်များတဲ့ဘက်သာလျှင် အရောင်ကူးပြောင်းရာမှာ အသိသာဆုံးမို့ပါ။ အဲဒီနောက်မှာတော့Image>Adjustments>Hue/Saturation ကိုရွေးပါ (Ctrl + U)။ Hue/Saturation Dialog box မှာတော့ Colorize ဆိုတဲ့ Check box ကိုရွေးပေးပါ၊ Hue တန်ဖိုးကို 55 မှာထားပြီး Saturation ကို 60 မှာထားလိုက်ပါတယ်။ (မိမိ အသုံးပြုသော Document နှင့် Color များပေါ်မူတည်ပြီးတော့ ကွဲပြားနိုင်ပါတယ်)။ OK ကိုနှိပ်ပါမယ်။



ပြီးရင် Deselect (Ctrl +D နှိပ်ပါ) ပြန်လုပ်လိုက်တဲ့အခါ အခုလိုပုံလေးကို မြင်တွေ့ရမှာပါ။



ကဲသင်လိုချင်တဲ့ အရောင်ကိုသာ Hue/Saturation ကစားပေးလိုက်ပါ၊ ဆံပင်အရောင် လှလှလေးတွေ ရလာမှာပါ။ အရောင်ဆိုးပြီးသား ဆံပင်ကနေ အနက်ရောင်ကို ပြန်သွားချင်ရင်တော့ အဲဒီဆံပင်ကို select လုပ်ပြီးတော့ Image>Adjustments>Desaturate ကိုရွေးပေးလိုက်ရုံပါပဲ။

Photo in Fish Bowl

အခုတစ်ခေါက်တော့ ရေထဲမှာ ဓါတ်ပုံတစ်ပုံကို ဘယ်လိုထားမလဲ လေ့လာကြည့်ကြရအောင်။ အရင်ဆုံးလိုအပ်တဲ့ ပုံတစ်ပုံကိုဖွင့်လိုက်ပါတယ်။


photo from http://mottahedehchina.blogspot.com/2011_03_01_archive.html

အဲဒီနောက် ရေထဲမှာသွားထားမယ့် ပုံလေးကိုတော့ Girls Generation အဖွဲ့က Seo Hyun ပုံလေးကို သုံးပါမယ်


photo from http://girlsgeneration93.blogspot.com/2009/10/091020-seo-hyun-in-oh-boy-magazine.html

ဒီပုံလေးကို ငါးကန်ထဲကို Drag ဆွဲသွားလိုက်ပါမယ်၊ အဲဒါဆိုရင် ငါးကန်ပုံလေးမှာ Background layer နဲ့ Layer 1 ဆိုပြီး Layer နှစ်ခုဖြစ်လာပါပြီ၊ ငါးကန်ထဲက ကျောက်ခဲလေးတွေမှာ ဓါတ်ပုံကို သွားထောင်ထားတဲ့ပုံစံ ဖန်တီးမှာဖြစ်ပါတယ်။ အဲဒီတော့ ဓါတ်ပုံရှေ့နားက ကျောက်ခဲလေးတွေကို ပေါ်လာအောင်တော့ Seo Hyun ပုံရဲ့ အောက်နားလေးတွေကို ဖျက်ပေးရမှာပါ။ ပုံမှာကြည့်ပါ အနီရောင် marking ပြထားပါတယ်။


အရင်ဆုံး Seo Hyun ပုံကို visible ဖျောက်ထားလိုက်ပါမယ်။ နောက် Polygon Lasso tool သုံးပြီး Select လုပ်လိုက်ပါမယ်။


ပြီးရင် keyboard ကနေ Delete key နှိပ်ပေးလိုက်ပါမယ်၊ ဒါဆိုပုံကိုဒီလိုမြင်နေရပါပြီ။


နောက်တစ်ဆင့် အနေနဲ့ Filter>Liquify ရွေးလိုက်ပါမယ်၊ Liquify dialog ပေါ်လာတဲ့ အခါ Bloat tool ကိုရွေးလိုက်ပါမယ်၊ Bursh size ကိုပုံတစ်ခုလုံးငုံမိအောင် ကြီးပေးပါမယ်၊ Keyboard ကနေ [ နဲ့ ] တွေဟာ brush size အကြီးအသေး Option တွေပါ။ ပုံတစ်ခုလုံးငုံမိသွားရင်တော့ Click တစ်ချက်ပဲနှိပ်ပါမယ်၊ အကြာကြီး နှိပ်ထားတာမျိုးမဟုတ်ပါဘူး၊ အဲဒီ Bloat tool ဟာ ကြာကြာနှိပ်ထားလေ Effect များလာလေမို့ပါ။


ဒီအဆင့်ပြီးရင်တော့ ပုံလေးကို ဒီလိုမြင်ရပါမယ်၊ Distortion နဲနဲပါနေတဲ့ပုံမျိုးပါ၊ ဒီအဆင့်ဟာ ရေထဲကပုံမို့လို့ Distort ဖြစ်တာကိုဖန်တီးတာပါ၊


နောက်အဆင့်အနေနဲ့တော့ ဖန်အိုးထဲက ရေရဲ့ အရောင်ကို Seo Hyun ရဲ့ပုံပေါ်မှာ တင်ပေးမှာပါ၊ ဒါကြောင့် Eyedropper tool ကိုသုံးပြီပုံမှာပြထားတဲ့နေရာလေးကို Click ပေးလိုက်ရုံပါပဲ၊ ဒါဆို အဲဒီနေရာမှာရှိတဲ့ အရောင်ဟာ Foreground color ဖြစ်သွားပါတယ်။


နောက်ဆုံးအဆင့် အနေနဲ့တော့ Layer palette မှာ Seo Hyun ပုံဖြစတဲ့ Layer 1 ပေါ်မှာ Ctrl key ကိုနှိပ်ထားပြီး Click နှိပ်လိုက်ပါမယ်၊ ဒါဆို Layer 1 ကို select လုပ်ပြီးသားဖြစ်သွားပါတယ်၊ Edit>Fill ကိုနှိပ်လိုက်ပါမယ်၊ ပေါ်လာတဲ့ Fill dialog ကနေအောက်ပါ Setting တွေအတိုင်းပေးပြီး Ok နှိပ်လိုက်ပါမယ်။


ဒါဆိုပုံလေးကိုဒီလိုရနေပါပြီ၊ ရေထဲမှာပုံလေးကိုသွားထားတဲ့ ပုံစံမျိုးမြင်နေရမှာပါ။